စာရေးသူ

အားလုံးမြင်နိုင်ရန်
Arthur Jackson

အာသာဂျက်ဆင်

ချီကာဂိုပြည်နယ်တစ်ခွင်၌ အသင်းတော်ကို ကြည့်ရှုသည့် သင်းအုပ်သာသနာကို ၂၈ နှစ်တိုင် ဆောင်ရွက်ပြီးသည့်နောက် ၂၀၁၆ ခုနှစ် ဆောင်းဦးရာသီတွင် ဆရာကြီး အာသာဂျက်ဆင် (Arthur Jackson)နှင့် ဇနီး ဆရာမ ရှယ်လီ (Shirley) တို့သည် ဆရာကြီး၏ ဇာတိချက်မြှုတ် ကန်ဆက်ပြည်နယ် ကန်ဆက်မြို့တော်တွင် ပြန်လည် အခြေချနေထိုင်လျက်ရှိသည်။ Our Daily Bread စာမူများ ရေးသားသူအနေနှင့် ပါဝင်ဆက်ကပ်သည် သာမက ဆရာကြီး အာသာသည် သင်းအုပ်များကို ပြုစုပျိုးထောင်သည့် PastorServe အမှုတော်လုပ်ငန်းတွင် အနောက်အလယ်ပိုင်းဒေသ မြို့ပြသာသနာ၏ ညွှန်ကြားရေးမှူးနှင့် ချီကာဂိုအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ အသင်းတော်များ တည်ထောင်ခြင်း သာသနာ - Neopolis Network တွင်လည်း ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်လျက်ရှိသည်။

စာမူ/ အကြောင်းအရာ များ အာသာဂျက်ဆင်

ဘုရားသခင်ကောင်းမြတ်ခြင်းအကြောင်း ပြောပါ

မိမိတို့၏အသက်တာ၌ ဘုရားသခင်အလုပ်လုပ်နေကြောင်းကို ဝေမျှခြင်းဟူသော သက်သေခံခြင်းအချိန်သည် ကျွန်ုပ်တို့အသင်းတော်၏ဝတ်ပြုခြင်းတွင် ပါဝင်သည့် အပိုင်းဖြစ်သည်။ ကျွန်ုပ်တို့အသင်းတော်မိသားစု၌ လူသိများသည့် အန်တီ သို့မဟုတ် အစ်မကြီး Langford (လန်းဖို့ဒ်)၏ သက်သေခံချက်သည် ချီးမွမ်းခြင်းများစွာဖြင့် ပြည့်နေသည်ဟု အများက သိမှတ်ကြသည်။ သူမ၏အသက်တာပြောင်းလဲခြင်းအကြောင်းကို ဝေမျှသည့်အခါများတွင်၊ ဝတ်ပြုစည်းဝေး၏ အချိန်ကောင်းကို သူမ ယူပြီဟု မျှော်လင့်နိုင်သည်။ သူမ၏အသက်တာကို ကြင်နာစွာ ပြောင်းလဲပေးခဲ့သော ဘုရားသခင်အား ချီးမွမ်းခြင်းများ သူမ၏ နှလုံးသားမှ ပွင့်အံထွက်လာသည်။

အလားတူပင်၊ ဆာလံ ၆၆ ကို ရေးသူသည် သူ၏လူမျိုးအတွက် ဘုရားသခင်ပြုခဲ့ပေးသည့်အရာများကို သက်သေခံစဥ် သူ၏သက်သေခံချက်တွင် ချီးမွမ်းခြင်းများ အပြည့်ဖြစ်သည်။ “ဘုရားသခင်စီရင်တော်မူသော အမှုတော်ကို လာ၍ ကြည့်ကြလော့။ လူသားတို့တွင် စီရင်တော်မူသောအမှုတို့သည် အံ့ဩဘွယ်ဖြစ်ကြ၏” (:၅)၊ ဘုရားရှင်၏လုပ်ဆောင်မှုများတွင် အံ့ဖွယ်ကယ်တင်လွတ်မြောက် စေခြင်း (:၆)၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း (:၉)၊ စမ်းသပ်ခြင်းနှင့်…

အားလုံးအတွက် တစ်ခုတည်းသောတံခါးပေါက်

၁၉၅၀ နှောင်းပိုင်းနှင့် ၁၉၆၀ အစောပိုင်းနှစ်များတွင် ကျွန်ုပ်ကလေးဘဝက နေထိုင်ခဲ့သည့်ပတ်ဝန်းကျင်ရှိ စားသောက်ဆိုင်များ၏ လုပ်ထုံးလုပ်နည်းများ သည် လူမှုရေးနှင့် လူမျိုးရေးဆိုင်ရာ သတ်မှတ်ချက်များဖြင့် တစ်သမတ်တည်း ရှိနေခဲ့သည်။ မီးဖိုချောင်အကူများဖြစ်သည့် ချက်ပြုတ်သူ မေရီနှင့် ကျွန်ုပ်ကဲ့သို့သော ပန်းကန်ဆေးသူများသည် လူမဲများဖြစ်ကြသော်လည်း ဆိုင်သို့လာစားသူ များမှာ လူဖြူများဖြစ်ကြသည်။ လူမည်းစားသုံးသူများသည် အစားအသောက် မှာယူနိုင်သော်လည်း ဆိုင်၏အနောက်ဘက်တံခါးမှသာ အစားအသောက်များ ယူဆောင်ရသည်။ ထိုသို့သောမူဝါဒများက ထိုခေတ်ကာလ၌ လူမည်းများအား ခွဲခြားဆက်ဆံမှုကို သာ၍ အားကောင်းစေခဲ့သည်။ ထိုကာလမှစ၍ ယခုအချိန်အထိ တိုးတက်မှုများစွာရှိခဲ့သော်လည်း ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံရသောလူများအဖြစ် တစ်ဦးနှင့်တစ်ဦးဆက်ဆံနိုင်ရန် ကျွန်ုပ်တို့ အနေဖြင့် လုပ်ဆောင်နိုင်သည့်အရာများ ရှိနေသေးသည်။

ရောမသြဝါဒစာ ၁၀:၈-၁၃ ကဲ့သို့သော ကျမ်းပိုဒ်များက အနောက်ဘက် တံခါးဆိုသည့် အရာမျိုးမရှိ ဘဲ၊ လူတိုင်းကို ဘုရားသခင်၏မိသားစု၌ ကြိုဆိုလက်ခံကြောင်း ကျွန်ုပ်တို့အား သိနားလည်စေသည်။ အပြစ်များ ဆေးကြောသန့်စင်ရန်နှင့်…

သာလွန်ထူးကဲသောကြင်နာမှု

အမြန်ရအစားအစာဆိုင်အလုပ်သမား Kevin Ford (ကယ်ဗင်ဖေါ့ဒ်) သည် (၂၇) နှစ်တိုင်အောင် တစ်ခါမျှ အလုပ်မပျက်ကွက်ဖူးပါ။ ဆယ်စုနှစ်နှင့်ချီ၍ ကြာရှည်စွာ အလုပ်လုပ်ခဲ့မှုအတွက် ဂုဏ်ပြုသည့် မပြောပလောက်သောလက်ဆောင်လေးရရှိသည်ကို သူက နှိမ့်ချစွာ ကျေးဇူးတင်သည့်အကြောင်း ပြောဆိုရိုက်ကူးထားသော ဗီဒီယိုသည် လူမှုကွန်ယက်တွင် ပျံ့နှံ့သွားသောအခါ သူ့အား ကြင်နာမှုပြရန် ထောင်နှင့်ချီသောလူတို့သည် စုဝေးစည်းရုံးခဲ့ကြသည်။ တစ်ပတ်အတွင်း ရန်ပုံငွေ ဒေါ်လာ ၂၅၀,၀၀၀ ရလာသောအခါ သူက “ဒါဟာ လက်တွေ့အကောင်အထည်ပေါ်လာတဲ့ အိပ်မက်လိုပါပဲ" ဟု ဆိုသည်။

ဖမ်းဆီးခေါ်ဆောင်သွားခံရသော ယုဒဘုရင် ယေခေါနိသည်လည်း ထူးကဲသောကြင်နာမှုမျိုးကို ခံစားခဲ့ရသည်။ ဗာဗုလုန်ဘုရင်တစ်ပါး၏ သဒ္ဓါစိတ်ကြောင့် ပြန်မလွတ်မီ ယေခေါနိသည် (၃၇) နှစ်ကြာအောင် ချုပ်နှောင်ခံခဲ့ရသည်။ ဗာဗုလုန်ဘုရင်က “ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲကနှုတ်၍ ချမ်းသာပေးလေ၏။ ကောင်းမွန်စွာ နှုတ်ဆက်၍ သူ၏ပလ္လင်ကို ဗာဗုလုန်မြို့မှာ အထံတော်၌ရှိသောမင်းကြီးများထိုင်ရာပလ္လင်တို့ထက် ချီးမြှင့်လေ၏” (ယေ ၅၂:၃၁-…

နှိမ့်ချသော်လည်း မျှော်လင့်တတ်သော

ဝတ်ပြုကိုးကွယ်မှုအပြီးတွင် သင်းအုပ်ဆရာ၏ဖိတ်ခေါ်မှုကြောင့် Latriece (လတ်ထရီစ်)သည် ပရိတ်သတ်ရှေ့သို့ ထွက်လာခဲ့သည်။ အသင်းသားများအား မိတ်ဆက်ရန်အတွက် သူမကို ဖိတ်ခေါ်စဉ်က လေးနက်၍ အံ့ဩဖွယ်ကောင်းသောစကားများကို သူမ ပြောဆိုမည်ဟု မည်သူမျှမထင်ခဲ့ကြပါ။ သူမသည် အမေရိကန်နိုင်ငံ၊ ကန်တက်ကီပြည်နယ်မှ ပြောင်းလာသူဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက တိုက်ခဲ့သော လေဆင်နှာမောင်းကြောင့် သူမ၏မိသားစုဝင် (၇) ဦးသေဆုံးခဲ့ရသည်။ “ဘုရားသခင်က ကျွန်မနှင့်အတူရှိတဲ့အတွက် ကျွန်မပြုံးနေနိုင်ပါသေးတယ်” ဟု သူမ ဆိုသည်။ ဖြတ်သန်းခဲ့ရသည့် စုံစမ်းစစ်ကြောမှုကြောင့် နာကျင်ခဲ့ရသော်လည်း သူမ၏သက်သေခံချက်က မိမိတို့၏စိန်ခေါ်မှုပြဿနာများကို ရင်ဆိုင်နေကြရသူ အသီးသီးတို့အတွက် ထိရောက်၍တန်ခိုးပါသော ခွန်အားပေးမှုဖြစ်ခဲ့သည်။

သခင်ယေရှုခံစားရသည့် ဝေဒနာတို့ကို ဖော်ပြနေသည့် ဆာလံကျမ်း ၂၂ မှ ဒါဝိဒ်မင်းကြီး၏စကားတို့သည် ဘုရားသခင်၏စွန့်ပစ်ခြင်းကို ခံစားရသော (:၁)၊ အခြားသူများ၏ရွံရှာမှုနှင့် ပြက်ရယ်ပြုမှုကိုခံရသော (:၆-၈)၊ သားရဲတိရိစ္ဆာန်တို့ ဝိုင်းထားခြင်းကိုခံရသော(:၁၂-၁၃) ပင်ပန်းနွမ်းနယ်နေသူတစ်ဦး၏ စကားများဖြစ်သည်။ သူသည်…

ကျွန်ုပ်ကို ဆေးကြောပါ

“ကျွန်ုပ်ကိုဆေးကြောပါ” ဟူသောစာသားကို ကျွန်တော့်ကားပေါ်တွင် မရေးထားသော်လည်း၊ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ကားရေဆေးဝန်ဆောင်မှုသို့ သွားခဲ့သည်။ မကြာမီက ဆီးနှင်းကျခဲ့ပြီး ဆားပေါက်သည့်လမ်းများကြောင့် ညစ်ပတ်ပေကျံသော အမှိုက်များကို ဆေးရန် အခြားယာဉ်မောင်းများလည်း ကားလာဆေးကြသည်။ ကားတန်းရှည်ပြီး ဝန်ဆောင်မှုက နှေးသော်လည်း စောင့်ရကျိုးနပ်ခဲ့သည်။ ဝန်ဆောင်မှုနှောင့်နှေးမှုကြောင့် အခမဲ့ကားရေဆေးပေးသဖြင့် သန့်ရှင်းတောက်ပြောင်နေသောကားကို မောင်းပြီး ကျွန်တော်အိမ်ပြန်လာခဲ့သည်။

တစ်ပါးသူ၏စရိတ်ခံပေးမှုဖြင့် သန့်စင်‌စေခြင်းအမှုသည် သခင်ယေရှု၏ ဧဝံဂေလိတရားဖြစ်သည်။ သခင်ယေရှု၏ သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်များအတွက် ခွင့်လွှတ်ခြင်းကို ဘုရားသခင် ပေးခဲ့သည်။ ဘဝ၏ “အညစ်အကြေးများ” တွယ်ကပ်လာသောအခါ “ရေချိုးရန်” မလိုဟု မည်သူခံစားရမည်နည်း။ တစ်ကိုယ်ကောင်းဆန်သောအတွေး (သို့) တစ်ပါးသူအား ထိခိုက်နစ်နာစေမည့် အပြုအမူများနှင့် ကျွန်ုပ်တို့စွန်းထင်းနေချိန်၊ ကျွန်ုပ်တို့ရရှိထားသော ဘုရားသခင်၏ငြိမ်သက်ခြင်း အလုယူခံရချိန်တွင်ပါ မသန့်ရှင်းလိုဘူးလား။ ဆာလံ ၅၁ သည် သွေးဆောင်ခြင်းက အောင်နိုင်လွှမ်းမိုးချိန်၌ ဒါဝိဒ်၏ ကြွေးကြော်သံဖြစ်သည်။ သူ၏အပြစ်နှင့်ပတ်သက်၍ ဝိညာဉ်ရေးကို…

မက်ဆေ့ချ်များ၊ ဆင်းရဲဒုက္ခများနှင့် အောင်ပွဲများ

ဂျင်မီသည် လူမှုရေးအုံကြွမှုများ၊ အန္တရာယ်များနှင့် အဆင်မပြေမှုများကို မမှုဘဲ၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်ခု၌ သာသနာပြုနေသည့် ဇနီးမောင်နှံကို အားပေးရန် သွားဖြစ်အောင်သွားခဲ့သည်။ မိခင်တိုင်းပြည်ရှိ ကျွန်တော်တို့အဖွဲ့ထံရောက်လာသည့် သူ့မက်ဆေ့ချ်တစ်သီတစ်တန်းကြီးက သူတွေ့ကြုံခဲ့ရသည့် စိန်ခေါ်မှုများကို ဖော်ပြနေသည်။ “အိုကေ၊ ညီအစ်ကိုတို့၊ ဆုတောင်းပေးကြပါ။ လွန်ခဲ့တဲ့နှစ်နာရီအတွင်း ငါတို့ခရီး (၁၀) မိုင်သွားခဲ့ပြီးပြီ။ ကားလည်း ခဏခဏအပူချိန်တက်နေတာကြောင့်ပါ။” ထိုဒေသ၏လမ်းပန်းဆက်သွယ်ရေး အခက်အခဲက (၅)နာရီကြာမျှ စောင့်ဆိုင်းနေရသူများကို တရားဒေသနာဝေငှရန် သန်းခေါင်ယံ မတိုင်မီမှ သူရောက်သွားကြောင်းကို သက်သေပြနေသည်။ မကြာပါ။ အနေအထား ပြောင်းသွားသည့် မက်ဆေ့ချ်တစ်ခုဝင်လာခဲ့သည်။ “အံ့ဩစရာကောင်းတယ်။ ချိုမြန်တဲ့မိတ်သဟာယပဲ။ လူတစ်ဒါဇင်လောက် ဆုတောင်းခံဖို့ ရှေ့ကိုထွက်လာတယ်။ တကယ့်ကိုအစွမ်းထက်တဲ့ညပါပဲ။”

သစ္စာရှိစွာ ဘုရားရှင်အား အစေခံခြင်းက စိန်ခေါ်မှုဖြစ်ပြီး၊ ဟေဗြဲဩဝါဒစာ ၁၁ ၌ ဖော်ပြထားသည့် ယုံကြည်ခြင်းဘိုးဘေးများလည်း သဘောတူမည်ပင်။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းစိတ်က အနိုင်အထက်သွေးဆောင်လျက် သာမန်ယောကျ်ားမိန်းမတို့သည် ခက်ခဲသောအခြေအနေများနှင့် တွေ့ကြုံခဲ့ရသည်။…

သခင်ယေရှုအတွက် သတ္တိရှိခြင်း

အေဒီ ၁၅၅ တွင် ကနဦး အသင်းတော်ဖခင်ကြီး Polycarp (ပိုလီခ့ါ)သည် ခရစ်တော်ကို ယုံကြည်ခြင်းကြောင့် သူ့အား မီးရှို့သတ်မည်ဟုခြိမ်းခြောက် ခံရသည်။ “ကျွန်ုပ်သည် (၈၆) နှစ်လုံးလုံး ခရစ်တော်၏အစေခံဖြစ်လာခဲ့ပြီး၊ ကိုယ်တော်သည် ကျွန်ုပ်အပေါ် မမှန်ကန်သောအရာများ မပြုခဲ့ပါ။ ကျွန်ုပ်ကို ကယ်တင်ခဲ့သောရှင်ဘုရင်ကို ကျွန်ုပ်မည်သို့ ပြစ်မှားနိုင်မည်နည်း”ဟု တုံ့ပြန်ခဲ့ သည်။ ကျွန်ုပ်တို့၏ရှင်ဘုရင် ယေရှုခရစ်တော်ကို ယုံကြည်ခြင်းကြောင့် ပြင်းထန်သော စုံစမ်းခြင်းများ ကြုံတွေ့ရသည့်အခါ ပိုလီခါ့ ၏တုံ့ပြန်မှုက ကျွန်ုပ်တို့အတွက် လှုံဆော်အားပေးမှုဖြစ်စေနိုင်ပါသည်။

သခင်ယေရှုမသေဆုံးမီ နာရီပိုင်းအလိုတွင် ပေတရုက “ကိုယ်တော်အဖို့ အကျွန်ုပ်၏ အသက်ကို စွန့်ပါမည်” ဟု (ယော ၁၃:၃၇)၊ ခရစ်တော်ကို သစ္စာခံရန် ရဲဝံ့စွာ ကတိပြုခဲ့သည်။ ပေတရုက သူ့ကိုယ်သူသိသည်ထက် သခင်ယေရှုက သူ့ကို ပိုသိသည်။ “ငါအမှန်အကန်ဆိုသည်ကား၊ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု…

ပင်ပန်းနွမ်းနယ်နေသောတဲများ

“တဲသည် နွမ်းနယ်ပင်ပန်းနေပါ၏။” ထိုစကားသည် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ရှိ အသင်းတော်တစ်ခု၏ သင်းအုပ်ဆရာဖြစ်သော ကျွန်တော်၏သူငယ်ချင်း ပေါလ် ၏စကားဖြစ်သည်။ ၂၀၁၅ ခုနှစ် ကတည်းကစ၍ တဲပုံသဏ္ဌာန်အဆောက်အဦ၌ အသင်းသားတို့ ဝတ်ပြုကိုးကွယ်ခဲ့ကြသည်။ ယခုအခါတွင် “ကျွန်တော်တို့၏တဲသည် ယိုယွင်းပျက်စီးလာပြီး မိုးရွာလျှင် မိုးယိုသည်” ဟု ပေါလ်က စာရေးပြောပါသည်။

တဲအဆောက်အဦ၏ အားနည်းယိုယွင်းမှုများကို ပြောပြသည့် ကျွန်တော့်သူငယ်ချင်း၏စကားက လူသားများ၏ဘဝဖြစ်တည်မှုသည် ပျက်စီးလွယ်ကြောင်း ပြောကြားသည့် တမန်တော်ပေါလု၏စကားကို သတိ‌ပေးလာသည်။ “ငါတို့၏ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ရောက်သော်လည်း ...ဤတဲ၌နေသော ငါတို့သည် လေးသောဝန်ကို ထမ်း၍ ညည်းတွားမြည်တမ်းကြ၏(၂ ကော ၄:၁၆၊ ၅:၄)။

လူသားတို့၏ဘဝအသက်သည် ဘဝအစောပိုင်းတွင် ပျက်စီးနိုင်ကြောင်း အသိတရားရှိသော်လည်း အသက်ရလာသည့်အခါ ပို၍ပင်သတိထားမိလာသည်။ အချိန်သည် ကျွန်ုပ်တို့၏နုပျိုလန်းဆန်းမှုကို အမှန်ပင် ခိုးယူသွားသည်။ ငယ်ရွယ်နုပျိုမှု၏ အားအင်အစွမ်းများသည်လည်း အသက်အရွယ်ကြီးရင့်လာခြင်းဟူသည့် အမှန်တရားကို တွန့်ဆုတ်လျက် အရှုံးပေးကြရသည် (ဒေ…

သခင်ယေရှုထံသို့ ပြေးခြင်း

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့သို့ခရီးထွက်ခဲ့စဥ်က ဘန်းနှင့် သူ၏သူငယ်ချင်းများသည် မြို့တော်အတွင်း ကျော်ကြားသော ပြတိုက်တစ်ခုကို တွေ့ခဲ့ကြသည်။ ဘန်းသည် အနုပညာကျောင်းသား မဟုတ်သော်လည်း Eugène Burnand (ယူဂျင်းဘာနန်)၏ ‘The Disciples Peter and John Running to the Sepulchre on the Morning of the Resurrection’ (တပည့်တော် ပေတရုနှင့်ယောဟန်တို့ ရှင်ပြန်ထမြောက်ရာနံနက်၌ သင်္ချိုင်းဂူသို့ ပြေးသွားခြင်း) ဟူသည့် ပန်းချီကားကို အံ့ဩမှုဖြင့် ကြည့်ရှုခဲ့သည်။ စာတစ်လုံးမျှ မပါဘဲ၊ ပေတရုနှင့်ယောဟန်တို့၏ မျက်နှာပေါ်ရှိ အကြည့်များနှင့် သူတို့၏လက်အနေအထားများက စကားများစွာ ပြောနေပြီး၊ ကြည့်ရှုသူများအား သူတို့နှင့်အတူ တစ်သားတည်းဖြစ်ကာ သူတို့၏ အားအင်အပြည့်နှင့် ခံစားချက်များကို မျှဝေခံစားရန် ခေါ်ဖိတ်နေသည်။

ထိုပန်းချီကားမှာ ရှင်ယောဟန်ခရစ်ဝင် ၂၀:၁-၁၀ ကို အခြေခံ၍ သခင်…

ကျဥ်းမြောင်းရာထဲသို့ ရောက်သောအခါ

လွန်ခဲ့သောနှစ်များစွာက လမ်းများစွာဆုံနေသောလမ်းဆုံ၌ လမ်းတစ်ဘက်သို့ ဖြတ်ကူးရန် ကြိုးစားရသည်မှာ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း မိတ်ဆွေတစ်ဦးက ကျွန်တော့်ကို ပြောပြဖူးသည်။ “ဒီလိုမျိုး ကျွန်မတစ်ခါမှ မကြုံဖူးဘူး။ လမ်းကူးဖို့ သင်ထားသမျှတွေက အကျုံးမဝင်တော့သလိုပဲ။ ကျွန်မအရမ်းကြောက်တာနဲ့ လမ်းတစ်ဘက်ကို ကူးချင်လို့ ဘက်စ်ကားစီးခွင့်ပြုပါလို့ ယာဥ်မောင်းကို ပြောခဲ့ရတယ်။ ဒီလမ်းဆုံမှာ လမ်းကူးတတ်ဖို့ကော၊ ကားမောင်းတတ်ဖို့ကော ကျွန်မတော်တော်ကြာအောင် သင်ခဲ့ရတယ်” ဟု သူမက ဆိုသည်။

အန္တရာယ်များသောလမ်းဆုံသည် ရှုပ်ယှက်ခတ်နိုင်သော်လည်း ဘဝ၏ ရှုပ်ထွေးမှုများကြား လမ်းကြောင်းရှာပြီး လျှောက်လှမ်းရှင်သန်ရခြင်းသည် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနိုင်သေးသည်။ ဆာလံဆရာ မည်သို့တွေ့ကြုံနေရသည်ကို ကျွန်တော်တို့ မသိရသော်လည်း သူသည် ခက်ခဲပင်ပန်းလျက် “ငါသည် ကျဉ်းမြောင်းရာထဲက ထာဝရဘုရားကိုခေါ်”ကာ(:၅) ဆုတောင်းခဲ့ခြင်း က မှန်သောအမှုဖြစ်သည်။ “ထာဝရဘုရားသည် ငါ့ဘက်မှာ ရှိတော်မူသည်ဖြစ်၍ ကြောက်စရာမရှိ။ ... ထာဝရဘုရားသည် ငါ့ဘက်၌ မစတော်မူသည်ဖြစ်၍” (:၆-၇) ထာဝရဘုရားအပေါ်…